Tuesday, July 30, 2013

Desktop Shortcut မှ မြှားများကို ဖြုတ်နည်း


သင်အသုံးပြုနေတဲ့ ကွန်ပျူတာရဲ့ Desktop က Shortcut တွေမှာ မြှားတွေဖြုတ်နည်းကို ပုံနဲ့တဆင့်ချင်းတွဲပြီး ပြထားတဲ့အတွက် member ၀င်တွေ ကိုယ်တိုင် စမ်းမယ်ဆိုရင် 
အဆင်ပြေမှာပါ။ Desktop Shortcut က မြှားတွေကို Shortcut သုံးခုမှာ လေးထောင့်
အနီကွက်လေးနဲ့ အောက်ကပုံမှာ ပြထားပါတယ်။


ပထမဦးဆုံးကတော့ Registry ထဲကို အရင်ဝင်ရပါမယ်။ Run box ထဲမှာ regedit လို့ရိုက်ထည့်လိုက်ပါ။ အောက်မှာပုံလေးနဲ့ပြထားပါတယ်။  


Sunday, July 14, 2013

Folder, File တွေမှာ မြန်မာဖောင့်ပေါ်အောင် ပြုလုပ်နည်း


သင့်ရဲ့စက်ထဲမှာ မြန်မာဖောင့် (zawgyi font) သွင်းထားပြီး Folder, File တွေမှာ
 မြန်မာစာရိုက်ရင် မြန်မာလိုမပေါ်ပဲ လေးထောင့်အကွက်လေးတွေပဲပေါ်နေတာမျိုးကို 
ကြုံဖူးကြပါလိမ့်မယ်။ဒီပို့စ်လေးမှာတော့ မြန်မာလိုပေါ်အောင် ပြန်လည် ပြီး ပြင်တဲ့နည်းလေး
ပြောပြပေးထားပါတယ်။ကျွန်တော်ပုံတွေနဲ့တွဲပြီး ရှင်းပြပေးထားတဲ့အတွက် 
Myanmar Online Learning မှ member တွေ စမ်းမယ်ဆိုရင် လွယ်ကူမယ်လို့ ထင်ပါတယ်။ 

ကျွန်တော့်ရဲ့ စက်ထဲမှာ Folder အသစ်ဆောက်ပြီး  Folder နာမည်ကိုတော့ မြန်မာလိုရေးလိုက်
ပါတယ်။အောက်ကပုံမှာတွေ့တဲ့အတိုင်း မြန်မာလိုမပေါ်ပဲ လေးထောင့်အကွက်လေးတွေပဲပေါ်
နေပါတယ်။
 

Wednesday, July 10, 2013

ကွန်ပျူတာစ်လုံတပ်ဆင်တော့မယ်ဆိုရင် အဓိကမပါမဖြစ် ပါဝင်ရမယ့် အစိတ်အပိုင်းများ














ယခုမှ ကွန်ပျူတာတစ်လုံးကို စတင်တပ်ဆင်ချင်သူများအတွက်ပဲဖြစ်ဖြစ်၊ ကွန်ပျူတာအတွင်းမှာ ဘယ်လိုမျိုးအရာတွေ ပါဝင်ဖွဲ့စည်းထားတယ်ဆိုတာကို မသိသေးတဲ့ လူငယ်များအတွက်ပဲဖြစ်ဖြစ် ကွန်ပျူတာစ်လုံတပ်ဆင်တော့မယ်ဆိုရင် အဓိကမပါမဖြစ် ပါဝင်ရမယ့် အစိတ်အပိုင်းတွေအားလုံးကို ဗဟုသုတဖြစ်စေခြင်းလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။

 

Computer Case

ကွန်ပျူတာမှာ System မှာ ပါဝင်တဲံပစ္စည်းတွေအားလုံးကိုထည့်ဖို့ စနစ်တကျ တည်ဆောက်ထားတဲ့ box ကိုခေါ်ဟေ၏၀ါ်တာဖြစ်တယ်။ အဓိကအားဖြင့်တော့ ကွန်ပျူတာ hardware ပိုင်းဆိုင်ရာအားလုံး တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေရန်အတွက် စုစည်းထိန်းသိမ်းပေးထားတဲ့အရာ တစ်ခုဖြစ်ပါတယ်။

CPU

ကွန်ပျူတာက အချက်အလက်တွေကို မှတ်နိုင်တဲ့နေရာဖြစ်တယ်။ ကွန်ပျူတာရဲ့ ဦးနှောက်လို့လည်း

Windows ပေါ်က Driver တွေကို Backup လုပ်နည်း














ကျွန်တော်တို့တွေ windows format ချလိုက်တဲ့အချိန် သို့မဟုတ် windows os အသစ်တင်လိုက်တဲ့အချိန်တွေမှာ Windows ထဲမှာ ပါဝင်တဲ့ Driver တွေရော Windows ပေါ်မှာ တင်ထားတဲ့ software တွေရော အားလုံးဟာ ပျက်စီးသွားကြပါတယ်။ ဒီလိုဖြစ်သွားမယ်ဆိုရင် OS အသစ်တင်တိုင်း Driver တွေ၊ Software တွေအားလုံးကို ပြန်ပြန်ပြီး Install ပြုလုပ်ကြရပါတယ်။
ဒီလိုမျိုးပြန်ပြီးသွင်းရတော့မယ်ဆိုရင် ကွန်ပျူတာအတွက် လိုအပ်တဲ့ Drive တွေကို ရောင်းချတဲ့ ကုမ္ပဏီရဲ့ Website တွေမှာ၊ အခြား Website တွေမှာ တက်ပြီး မှာရပါတယ်။ ရှာတွေ့ပြန်ရင်လည်း ကိုယ်လိုချင်တဲ့ Driver ဟုတ်မဟုတ် မသိနိုင်သလို အချို့ Driver တွေဟာပိုပြီး ရှာဖွေရ ခက်ခဲတတ်ပါတယ်။ ဒီလိုမျိုးအတွက် အကောင်းဆုံးနည်းလမ်းကတော့ Windows ပေါ်မှာ တင်ထားတဲ့ Driver တွေအားလုံးကို ပထမဦးဆုံး Hard Drive သို့မဟုတ် DVD အခွေထဲကို ကြိုတင်သိမ်းထားရပါတယ်။ ဒါဆိုရင် Windows အသစ်တစ်ခု ပြန်တန်ချိန်မျိုးမှာ မိမိကွန်ပျူတာအတွက် Driver တွေကို ပြန်ရှာစရာမလိုတော့ပဲ အလွယ်တကူတင်နိုင်မှာပဲဖြစ်ပါတယ်။ အထူးသဖြင့် လက်တော့ပ်တွေမှာဆိုရင် Driver ပြန်တင်ရတဲ့ အခက်အခဲပိုပြီး စုံပါတယ်။ လက်တော့ပ်ရဲ့ အမျိုးအစား၊ မော်ဒယ်အလိုက် Driver တွေလည်း ကွာခြားသွားပါတယ်။
ထို့အတွက် Windows Driver အတွက် Backup လုပ်နိုင်ဖို့အတွက် Driver Max ဆိုတဲ့ Software လေကို

Tuesday, July 9, 2013

How to make a blogger website

ဒါကတော့ myanmarwebdesigner.com ကနေ share ထားတာလေးပါ။ blog တစ်ခုကိုဘယ်လိုဖန်တီးမလဲဆိုတာပါ။ စိတ်ဝင်စားတဲ့သူများလည်းလေ့လာကြည့်ကြပါအုံး။
ကြိုက်တယ်ဆိုရင်တော့ https://www.facebook.com/myanmarwebdesigner မှာ Like လေးလုပ်ပေး
လိုက်ပါအုံး။ ကျေးဇူးတင်ပါတယ်။

How to make a blogger website

မင်္ဂလာပါ..
ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ကိုယ်ပိုင် blogger website ပြုလုပ်ပုံကို သင်ပေးမှာ ဖြစ်ပါတယ်။ သင်ခန်းစာ မစခင် ကျွန်တော်တို့ blogger ကို ဘာလို့ ရွေးရသလဲ၊ ခင်ဗျားတို့ကော website ပြုလုပ်တဲ့ အခါမှာ blogger ကို ဘာကြောင့် ရွေးသင့်လဲ ဆိုတာကို မိတ်ဆက်အနေနဲ့ အနည်းငယ် ပြောပြပါမယ်။
ကျွန်တော်က blogger ကို ဘာကြောင့် ရွေးသလဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကိုက google ကပေးတဲ့ services တွေကို ကြိုက်လို့ပါ။ Blogger ဆိုတာက google က ပေးတဲ့ services တွေထဲက တစ်ခုဖြစ်ပါတယ်။ Blogger ကို လူတိုင်းမသိနိုင်ပေမယ့်၊ google ကိုတော့ လူတိုင်း သိမှာပါ။