Sunday, August 25, 2013

Newfolder.exe virus ကိုသတ်ကြည့်ကြမယ်

Newfolder.exe virus ဆိုရင်ကွန်ပျူတာနဲ့ပတ်သက်ပြီးအတွေ့အကြုံရှိတဲ့သူတိုင်း
သိကြပါတယ်။ ဒီကောင်စက်ထဲကိုဝင်ပြီဆိုရင်တော်တော်လေးလည်းစိတ်ပျက်ဖို့
ကောင်းပါတယ်။ သူက windows ရဲ့ system file တွေကိုတော့မဖျက်ဆီးဘူးဗျ။
Memory Stick ထဲကိုဝင်ပြီဆိုရင် အရင်ဆုံး stick ထဲက folders တိုင်းရဲ့အတွင်း
မှာ အဲဒီ folder name နဲ့နာမည်တူတဲ့ folder ပုံစံနဲ့ .exe file တစ်ခုဆီကိုပွား
လိုက်ပါတယ်။ အဲဒီ folder အယောင်ဆောင်ထားတဲ့ .exe application folder
တွေကို double click နှိပ်မိလိုက်တာနဲ့ စက်ထဲကိုဝင်သွားပါတယ်။ အဲဒီနောက်မှာ
တော့ ကွန်ပျူတာထဲမှာ ခဏခဏ auto refresh လုပ်ပါတယ်။ အဲဒီတော့ full
screen နဲ့ အလုပ်လုပ်တဲ့ applications တွေဆိုရင်သူ့အလိုလို auto minimize
ဖြစ်ဖြစ်သွားတတ်ပါတယ်။ နောက်ပြီးတော့သူက windows ရဲ့ system file ဖြစ်
တဲ့ dwm.exe ဆိုတဲ့ file ကိုသွားကပ်ပါတယ်။ ဒီတော့နောက်ပိုင်းမှာ အဲဒီ virus
ကိုသတ်လိုက်ပြီဆိုရင် dwm.exe file ပါပါသွားတတ်ပါတယ်။ အဲဒီတော့ window
ရဲ့ aero effects တွေသုံးလို့မရတော့ဘူးဗျ။ ဒါကတော့ virus ရဲ့အလုပ်လုပ်ပုံပါ။
သူ့ကိုသတ်မယ်ဆိုရင်..ပထမဆုံး..virus ၀င်နေတဲ့ memory stick ကို antivirus
software တစ်ခုခုကို update လုပ်ပြီးသတ်လိုက်ပါမယ်။ အဲဒီလိုသတ်လိုက်ရင်
anti-virus software က autorun.inf ဆိုတဲ့ file ရယ်၊ RECYCLER ဆိုတဲ့

Tuesday, August 13, 2013

Understanding CEH in Myanmar ( CEH ဆိုတာ Certificated Ethical Hacker )

အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်ကိုယ်တိုင်လည်း CEH ဆိုတာ Certificated Ethical Hacker ဆိုတာကလွဲပြီး သေသေချာချာ ဂဃဏနမသိဘူးရယ် ။ ဒီနှစ်စာမေးပွဲပြီးရင် CEH ဖြေမယ်ဆိုတဲ့ စိတ်ကူးရှိလာတာနဲ့ အကိုတစ်ယောက်နဲ့ စကားပြောဖြစ်လာရင်း သူ့ကို မေးကြည့်ဖြစ်တာလေး ပြန်ရေးဖြစ်တာပါ ။
အမှန်အတိုင်းပြောရင်တော့ အင်တာဗျူးလည်းမကျ အမေးအဖြေကဏ္ဍလည်းမဟုတ် ကြားကျတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါလိမ့်မယ် ။

CEH ဆိုတာ .. ?

CEH Certified Ethical Hacker ဆိုတာ International Council of E-Commerce Consultants ဆိုတဲ့ အဖွဲ့အစည်းကနေပြီး ကြပ်မတ်ပြုလုပ်ပေးတဲ့ E-Commerce security ဆိုင်ရာ Training program များထဲက တခုပါ ..။ ec council က e commerce ဆိုင်ရာ နိုင်ငံတကာ အကျိုးဆောင် အတိုင်ပင်ခံအဖွဲ့အစည်းတခုပေါ့ …။ အဲဒီထဲကမှ e commerce အတွက် security ပိုင်းဆိုင် computer security specialist တွေကို CEH CHFI ECSA LPT တို့လို training

Sunday, August 11, 2013

ပေါက်ကရရေးတယ် ပြီးတော့ ပေါက်ကရတင်တဲ့ မဇ္ဇိမ ၀ဘ်ဆိုဒ်

Gmail, Gtalk ဘယ်အစိုးရကမှ ကြားကနေ ဖောက်မဖတ်နိုင်ဘူးဗျို့........
Gmail ကို အစိုးရရှဲ့ဆာဗာတွေကနေ ဖောက်လို့ရသတဲ့၊ Gtalk ကြီးကိုလည်း အmail ကို အစိုးရရှဲ့ဆာဗာတွေကနေ ဖောက်လို့ရသတဲ့၊ Gtalk ကြီးကိုလည်း အစိုးရက အလွယ်တကူ ၀င်ကြည့်လို့ရသတဲ့နဲ့ မနက်မိုးလင်းလို့ ဆောင်းပါးတစ်ခု ဖတ်လိုက်ရတော့ မှားနေတာ တန်းသိတာနဲ့ မှတ်ချက်တစ်ချို့ပေးလိုက်ပါတယ်..... သူ့စာကို ဖတ်ကြည့်ရသလောက်တော့ ရန်းတုတ်တာ တော်တော်များနေပေမဲ့ ကိုယ်နဲ့ မဆိုင်တော့ သိတ်မပြောချင်သေးဘူး..... နောက်မှ ဘယ်ဟုတ်မလဲ အဲ့ဒိသတင်းက မဇ္ဇိမ ၀ဘ်ဆိုဒ်မှာ တင်ထားပါတယ်ဆိုမှ အော် သောက်ရမ်း ရမ်းတုတ်တွေပဲဆိုပီး ရေးခဲ့သမျှ မှတ်ချက်ကို ပြန်စုလိုက်ပါတယ်... ပထမဆုံးက မြန်မာပြည်မှာ အင်တာနက်ကိုသုံးရာမှာ Gateway အဆင့်ဆင့်ခံပါတယ်။ မြန်မာပြည်တွင် မဟုတ်ပါဘူး နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ရှိပါတယ်။ Gateway ဆိုတဲ့သဘောတရားဟာ Network ကြီးတွေ ကြီးလာတဲ့ အခါမှာ၊ Sub Net တွေများလာတဲ့အခါမှာ Network တစ်ခုနဲ့ တစ်ခု Route လုပ်ဖို့အတွက် သုံးရတာဖြစ်ပါတယ်။ သူ့နက်ဝါ့ ကိုယ့်နက်ဝါ့တွေ ခွဲခြားသုံးတဲ့အခါမှာလည်း Gateway ကို ခံသုံးပါတယ်။ Gateway ဆိုတာ အကြမ်းမျဉ်းအားဖြင့် Router / NAT Devices တွေဖြစ်ပါတယ်။ Hardware / Software နှစ်မျိုးရှိပါတယ်။ အိမ်တွေရုံးတွေမှာလည်း အင်တာနက်လိုင်းကို ခွဲသုံးမယ်ဆိုရင် Router အသေးစားလေးတွေနဲ့ အင်တာနက်ကို ပြန်ခွဲသုံးတာကို အားလုံးလည်း သိကြတာပါပဲ။ နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ကနေ သွားပါတယ်....