Monday, April 29, 2013

Facebook Login Page Design ပြောင်းနည်း

လက်ရှိအသုံးပြုနေကြတဲ့ Facebook Login Page Design ကို အမြဲတမ်းလိုလို တွေ့နေမြင်နေရလို့ ရိုးနေသူတွေအတွက် ဒီပို့စ်လေးကို ဖော်ပြပေးလိုက်ပါတယ်။ Facebook Login Page Design တခုတည်းပဲပြောင်းလို့ရတယ်တော့မဟုတ်ပါဘူး။ Youtube, Google Page Design တွေကို လည်း ပြောင်းလဲလို့ရပါတယ်။

၁။ သင့်ရဲ့ Facebook Login Page Design ကိုပြောင်းဖို့အတွက် Web Browser ဖြစ်တဲ့ Firefox လေးကို ဖွင့်လိုက်ပါ။ www.userstyles.org ဆိုတဲ့ ၀က်ဆိုက်လေးကို ရိုက်ထည့်လိုက်ရင် အောက်မှာပြထားတဲ့ ပုံအတိုင်းတွေ့ရ ပါမယ်။
 



၂။ နောက်တဆင့်ကတော့ Stylish for Firefox ဆိုတာလေးကိုနှိပ်လိုက်ပါ။ အောက်က ပုံမှာကတော့
Stylish for Firefox ဆိုတဲ့စာလေးကို အနီရောင် လေးထောင်ကွက်လေးနဲ့ပြထားပါတယ်။ 




၃။ Stylish for Firefox စာလေးကို နှိပ်ပြီးရင်တော့ အောက်မှပြထားတဲ့ ပုံအတိုင်းပဲ တွေ့ရမှာပါ။ အနီရောင်လေးထောင့် ကွက်လေးနဲ့ ပြထားတဲ့  buttom လေးကိုနှိပ်လိုက်ပါ။



၎။ အဲ့လို နှိပ်ပြီးပြီဆိုရင်တော့ box လေးတခုကျလာပါမယ်။ ပုံမှာပြထားတဲ့အတိုင်း Allow ကိုနှိပ်လိုက်ပါ။





၅။ လုပ်ဆောင်ချက်များပြီးပြီဆိုရင်တော့ သင့်ရဲ့ Browser ကို Restart ချရပါမယ်ဆိုတဲ့ box လေးတစ်ခုလာပြပါမယ်။ ဒါဆိုရင်တော့ Restart Now လေးကိုနှိပ်လိုက်ပါ။ box လေးနဲ့ နှိပ်ရမယ့် Buttom လေးကိုတော့ အောက်ကပုံမှာ အနီရောင် လေးထောင့်ကွက်လေးနဲ့ပဲပြထားပါတယ်။
 





၆။ သင်က Facebook Login Page Design ကို ပြောင်းချင်တာဆိုတော့ search box ထဲမှာ Facebook လို့ရိုက်ထည့်လိုက် ပါ။ Facebook လို့ရိုက်ရမယ့်နေရာကတော့ အောက်ကပုံမှာ အနီရောင်လေး ထောင့်ကွက်လေးနဲ့ ပြထားပါတယ်။
 



၇။ ရိုက်ထည့်ပြီးပြီဆိုရင်တော့ သင်တွေ့ရမယ့် page ကတော့ အောက်ကပုံအတိုင်းပဲဖြစ်ပါတယ်။
 ပြီးရင်တော့ ပြောင်းချင်တဲ့ Design ကိုရှာလိုက်ပါ။ Design တွေ့ပြီဆိုရင်တော့ သင်ပြောင်းမဲ့ပုံရဲ့ ဘေးနားလေးက စာ ကြောင်းလေးကို ကလစ်တစ်ချက်နှိပ်လိုက်ပါ။
 





၈။ ပြီးရင်တော့ + Install with Stylish ဆိုတဲ့ buttom လေးကိုနှိပ်လိုက်ပါ။ပြီးရင် ခဏလောက်တော့စောင့်လိုက်ပါ။
 



၉။ နောက်ဆုံးမှာတော့ သင်ပြောင်းလိုက်တဲ့ Facebook Login Page Design ကို အသုံးပြုလို့ရပါပြီ။  

No comments:

Post a Comment