Friday, April 12, 2013

How to Care Your Computer?

How to Care Your Computer (ကွန်ပျူတာကိုဘယ်လိုဂရုစိုက်မလဲ)?

ကွန်ပျူတာကိုဘယ်လိုဂရုစိုက်မလဲဆိုတဲ့အောက်မှာ ပြောချင်တာတွေအများကြီးရှိပါတယ်။ ဒီနေ့ခေတ် ကွန်ပျူတာကိုအသုံးပြုနေကြတဲ့သူတွေက ကွန်ပျူတာတစ်လုံးရှိရင် အဲဒီကွန်ပျူတာကို သုံပြီး မိမိတို့လုပ်စရာရှိတာကို လုပ်ကိုင်ကြပါတယ်။ ဒါပေမဲ့ကွန်ပျူတာကို ဂရုစိုက်ကြတဲ့သူနည်းပါတယ်။ သာမာန်ကွန်ပျူတာအသုံးပြုသူတစ်ယောက်ဆိုလျှင်ကွန်ပျူတာကိုဖုံသန့်ရှင်းရေးတောင်မလုပ်ပါဘူး။ လက်တွေ့မြင်နေရလို့ပြောနေတာပါ။ ဒီတော့ကျွန်တော်ကကျွန်တော်သိသလောက် ကွန်ပျူတာကိုဘယ်လိုဂရုစိုက်သင့်သလဲဆိုတာကို သာမာန်အသုံးပြုသူ(normal user) နဲ့ သာမာန်ထက်ပိုစွာအသုံးပြုနိုင်သူ(advanced user) တွေအတွက်ပါ ဒီ ပိုစ့်လေးမှာဆွေးနွေးသွားပါမယ်။

သာမာန်အသုံးပြုသူများအတွက် (For Normal User)
  1. ကွန်ပျူတာ Desktop ဖြစ်ဖြစ်၊ Laptop ဖြစ်ဖြစ် မိမိဝယ်ယူပြီးချိန်မှစ၍ တစ်ပတ်တစ်ကြိမ် သန့်ရှင်းရေး(ဖုံ) ပြုလုပ်ပါ။
  2. ကွန်ပျူတာကို UPS ခံပြီးသုံးပါ။
  3. shutdown ချရာတွင် power အားလုံးပိတ်တာသေချာမှ UPS ကိုပိတ်ပါ။
  4. Laptop သုံးပါက sleep, လုပ်ပြီး ၃နာရီထက်ပိုမထားပါနှင့် battery နှင့် harddisk ပျက်တတ်ပါတယ်။
  5. Desktop ဖြစ်ပါက casing ပုံးကို လှဲမထားရ၊ hard disk ကြောင်ပြီး windows မတက်ဖြစ်တတ်ပါတယ်။
  6. ကွန်ပျူတာဝယ်ပြီဆိုလျှင် ၀ယ်ယူသည့်ဆိုင်က computer clean up လုပ်သော software များထည့်ပေးလိုက်ပါလိမ့်မယ်။ များသောအားဖြင့် desktop ပေါ်မှတင်ထားပါလိမ့်မယ်။ software names တွေကတော့ Tune-Up Utilities, CCleaner, Win Utilities, ASUS logic Disk Defrag, တွေပဲဖြစ်ပါတယ်။ အသုံးပြုပုံကိုတော့ လေ့လာကြည့်ပါ။ မသိရင်တော့အသုံးပြုပုံကိုမေးနိုင်ပါတယ်။
  7. နောက်တစ်ခုကတော့ security ပဲဖြစ်ပါတယ်။ security ဆိုလို့ လန့်မသွားပါနဲ့၊ computer virus ရန်ကကာကွယ်ဖို့အတွက်ပြောတာပါ။ သင့်ရဲ့ computer မှာအနည်းဆုံး antivirus program တစ်ခုတော့ရှိကိုရှိရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာနဲ့တွဲပြီးသုံးရတဲ့ memory stick, Games CD, Software CD, SD Card တွေကနေပြီးတော့ ကွန်ပျူတာတွေကို နှောက်ယှက်ဖျက်ဆီးမဲ့ virus တွေဝင်လာတတ်ပါတယ်။ အဲဒီလိုဝင်လာပြီဆိုရင် windows ပြန်တင်ရတဲ့အထိဖြစ်တတ်ပါတယ်။ အဲဒီတော့ အပေါ်မှာပြောခဲ့တဲ့ memory stick အစရှိတာတွေကိုအသုံးမပြုခင် antivirus program နဲ့ virus ပါမပါစစ်သင့်ပါတယ်။ နောက်ပြီး antivirus program ကိုလည်း တစ်ပါတ်တစ်ခါ update လုပ်ပေးသင့်ပါတယ်။ antivirus program update မဖြစ်ရင် virus ကိုတွေ့ပေမဲ့မသတ်နိုင်ပါဘူး။
အပေါ်ကအချက်တွေကို သာမာန်ကွန်ပျူတာအသုံးပြုသူတွေအနေနဲ့လိုက်နာသင့်ပါတယ်။ ဒါမှသင့်ရဲ့ကွန်ပျူတာက ပြဿနာနည်းပြီး ဆိုင်ပို့ရခြင်းမှအတတ်နိုင်ဆုံးရှောင်ရှားနိုင်မှာပါ။

သာမာန်ထက်ပိုသောအသုံးပြုသူများ (For Advanced User)

  1.  ဒီနေရာမှာကျွန်တော်က Microsoft ရဲ့ Windows 7 နဲ့ပဲဆွေးနွေးသွားမှာပါ။ ဦးစွာ Windows တင်တယ်ဆိုပါတော့။ windows တင်မယ်ဆိုရင်windows installer CD, Drive, hard disk ကတော့ကွန်ပျူတာမှာ(detect)သိကိုသိနေရပါမယ်။ ပိုပြီးသေချာချင်လျှင် power ဖွင့်ပြီး BIOS ထဲကိုဝင်လိုက်ပါ။ BIOS ထဲဝင်တဲ့ key ကတော့သိပြီးသားဖြစ်မှာပါ၊ (မသိသေးသူများအတွက်၊ ၊desktop ဆိုလျှင် delete key, laptop ဆိုလျှင် F2 key)၊ BIOS ထဲကိုရောက်ပြီဆိုရင် (MSI Board)advanced BIOS features ထဲက Integrated peripherals ထဲမှာ ပြင်ပေးဖို့လိုပါလိမ့်မယ်။ ဥပမာ၊ သင့်ရဲ့ CD/DVD drive က IDE ဖြစ်ပြီး, hard disk က SATA ဖြစ်နေမယ်ဆိုရင် SATA နဲ့ PATA နှစ်ခုလုံးပါတာကို ရွေးပေးရပါလိမ့်မယ်။ ဒါမှ IDE CD/DVD နဲ့ SATA Hard Disk နှစ်ခုစလုံးကိုသိမှာပါ။ တစ်ချို့စက်တွေမှာတော့ SATA တစ်ခုထဲရွေးထားပေမဲ့ SATA ရော IDE ရောနှစ်ခုစလုံးကိုသိနေပါတတ်ပါတယ်။ ဒါပေမဲ့ windows တင်ရင်ဒုက္ခရောက်တတ်ပါတယ်။ တင်နေရင်းတစ်ဝက်လောက်ရောက်မှ Hard Disk မသိတာ CD/DVD မသိတော့တာမျိုးဖြစ်တတ်ပါတယ်။ 
  2. ကဲwindows တင်ပြီးပြီဆိုပါတော့ အရင်ဆုံး လုပ်စရာရှိတာက windows ရဲ့ update ကိုပိတ်ပါမယ်။ သိတယ်မိုလား ကျွန်တော်တို့နိုင်ငံက Microsoft ရဲ့ copyright windows OS ကိုသုံးတာဆိုတော့။ :D ပြီးရင် windows firewall ကိုပိတ်ရပါတယ်။ ဒါကတော့မလွှဲသာလို့ပါ။ network sharing တွေအဆင်ပြေဖို့အတွက်ပါ။ ပြီးရင် (drivers တွေတင်ဖို့တော့မမေ့နဲ့အုံးနော်၊ windows တင်နည်းကိုဆွေးနွေးတာမဟုတ်တဲ့အတွက် drivers တင်တာတွေဘာတွေထည့်မနေတော့ဘူး) start menu> games ထဲမှာ hardware နဲ့ software ကောင်းစွာအလုပ်လုပ်နိုင်မှုကိုတွက်ချက်ပေးတဲ့ windows experience Index rate ကိုသတ်မှတ်ပေးရပါမယ်။ မိမိမှာသတ်မှတ်ထားခြင်းမရှိသေးဘူးဆိုရင်သတ်မှတ်လိုက်ပါ။ rate လုပ်တော့မယ်ဆိုရင်တော့ မီးအားနဲ့မှ သတ်မှတ်လို့ရပါလိမ့်မယ်။ battery၊ UPS နဲ့သုံးနေမယ်ဆိုရင်သတ်မှတ်လို့မရပါ။ နောက်ပြီး windows 7 ရဲ့ Aero effect က rate လုပ်ထားမှ အလုပ်လုပ်တာဗျ။ ဒီနေရာမှာနှစ်ပါးသွားလေးတစ်ပုဒ်လောက်တော့ကချင်တယ်...အဲ...မှားလို့..ဟဲ..ပျင်းသွားမှာစိုးလို့ပါ :D။ဒီနေရာမှာ virtual memory ကိုပြောရပါလိမ့်မယ်။ virtual memory ဆိုတာ hard disk ကနေယူပြီးသတ်မှတ်ထားတာဖြစ်ပါတယ်။ တကယ့် physical memory မနိုင်တော့တဲ့ အချိန်မှာ virtual memory က လတ်တလောအသုံးမပြုသေးဘဲ minimized လုပ်ထားသော tasks များကို သူ့ပေါ်ကိုခေါ်တင်ပါတယ်။ ဒီတော့ physical memory ကအလုပ်ပေါ့သွားပြီး မြန်မြန်လုပ်နိုင်လာပါတယ်။ virtual memory ကို system properties>Advanced tab>Performance section>setting button>Advanced tab of performance options windows>virtual memory section>Change button မှာ custom size ဆိုတဲ့ option box ကိုရွေးပြီးသတ်မှတ်နိုင်ပါတယ်။
  3. My Computer ထဲမှာ Hard Disk ကို နှစ်ပိုင်းပိုင်းထားတယ်ဆိုရင် C:,D: ဆိုတဲ့ drive letter တွေပေါ်နေပါလိမ့်မယ်။ ကျွန်တော်ကတော့ windows တင်ပြီးပြီဆိုရင် C ရော D ရော နှစ်ပိုင်းစလုံးကို compress လုပ်လိုက်တာပဲ။ ခင်ဗျားတို့လည်းသိတဲ့အတိုင်းပဲ WinRAR တို့ 7-Zip တို့နဲ့ ချုံ့ ထားတဲ့ data တွေဆို တော်ရုံတန်ရုံ virus မကိုက်ဖူးလေဗျာ။ ဒါကြောင့်ပါ။ 
  4. အခုအခြေအနေသည်အကောင်းဆုံးအခြေအနေဖြစ်တာကြောင့် system restore point လေး create လုပ်အုံးမယ်ဗျာ။ ပြီးမှ လိုအပ်တဲ့ software တွေတင်ပါ။ အဲ software အားလုံးတင်ပြီးသွားရင် အရင်ဆုံး C Cleaner software နဲ့  clean up လုပ်ပါမယ်။ ပြီးရင် asus logic defrag software နဲ့ defragment လုပ်ပါမယ်။ software တစ်ခုတင်ပြီး၊ ဖြုတ်ပြီးတိုင်းမှာ clean up နဲ့ defragment ပြုလုပ်သင့်ပါတယ်။
  5. laptop အသုံးပြုသူတွေဆိုရင် တစ်ရက်ကို ၁နာရီ၊ ၂နာရီလောက်တော့ battery power ကိုသုံးပေးသင့်ပါတယ်။ ဒါမှ battery ကရေရှည်အသုံးခံမှာပါ။
ထပ်ပြီးတော့ပြောချင်တာတွေရှိသေးတယ်ဗျာ။ ဒါပေမဲ့ဒီပိုစ့်ကိုတော့ဒီနေရာမှာပဲ ရပ်ထားလိုက်ပါမယ်။ အဲ... သိချင်တာတွေရှိရင်တော့ အချိန်မရွေးမေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။





    No comments:

    Post a Comment