Monday, April 8, 2013

how to make firefox browser speed up !

Firefox browser ကိုအသုံးပြုပြီး internet speed ကိုမြန်ဆန်အောင်လုပ်နည်းများ

ပထမနည်းလမ်းကတော့ firefox browser ကို ADD-ONS ပေါင်းထည့်ပေးခြင်းဖြင့်မြန်ဆန်အောင်လုပ်နည်းဖြစ်ပါတယ်။ အောက်မှာပြထားတဲ့ link ကိုနှိပ်ပြီး Add to firefox button ကိုနှိပ်လိုက်ပါ။
https://addons.mozilla.org/en-us/firefox/addon/fastestfox-browse-faster/ သူ့အလိုလို install လုပ်သွားပါလိမ့်မယ်။ ပြီးရင်တော့ firefox ကို restart ချဖို့ပြောလာပါလိမ့်မယ်။ Restart ချလိုက်ပါ။ ပြန်တက်လာရင်တော့ firefox browser ကအရင်ကထက်မြန်ဆန်နေပါလိမ့်မယ်။

ဒုတိယနည်းကတော့ ပိုပြီး advanced ကျပါတယ်။ firefox browser ရဲ့ address bar မှာ about:config လို့ရိုက်ထည့်လိုက်ပါ။ သတိပေးချက်(warning) ပေါ်လာပါလိမ့်မယ်။ [ I'll be careful, i promise! ]
button ကိုနှိပ်လိုက်ပါ။ အောက်မှာမျဉ်းတားထားသော အကြောင်းအရာများကို တစ်ခုချင်းစီရိုက်ထည့် ပြီး သက်ဆိုင်ရာတန်ဖိုးများကို ပြောင်းပေးပါ။

 browser.history_expire_days_min ကို တန်ဖိုး 10 ပြောင်းပေးပါ။ default value က
90 ဖြစ်ပါတယ်။ သူက browser အသုံးပြုနေစဉ်မှာ အသုံးပြုနေတဲ့ browser နဲ့ပတ်သက်တဲ့ history တွေကို memory ပေါ်တွင်နေရာယူနေခြင်းကို လျှော့ ချပေးခြင်းဖြစ်ပါတယ်။

browser.sessionhistory.max_total_viewers ရဲ့တန်ဖိုးကိုတော့ 1 ပြောင်းပေးပါ။ သူကတော့ firefox မှာခေါ်လို့ရတဲ့ new tab အရေအတွက်ကိုပြောင်းပေးတာဖြစ်ပါတယ်။ ဒီတန်ဖိုးကို ပြောင်းပြီးရင်တော့ browser မှာ back and forward လုပ်လို့ရတော့မှာမဟုတ်ပါဘူး။

network.http.max-connections ကို တန်ဖိုး 100 ကိုပြောင်းပေးပါ။ default ကတော့ 30 ပေါ့။ HTTP connections အသုံးပြုမှုကိုကန့်သတ်တာဖြစ်ပါတယ။်

network.http.max-connections-per-server ကို တန်ဖိုး 20 ပြောင်းပေးပါ။ default ကတော့ 15 ပေါ့။ သူကပေါ်ကအကြောင်းအရာနဲ့ အတူတူပဲဖြစ်ပါတယ်။ တန်ဖိုးကို 20 နဲ့အထက်ပေးသင့်ပါတယ်။

network.http.pipelining တန်ဖိုးကိုတော့ value true ပြောင်းလိုက်ပါ။ webpage တစ်ခုကိုခေါ်ရာမှာ http request တွေလုပ်ပါတယ်။ အဲဒီလို http request ကိုတစ်ပြိုင်နက် အများကြီးလုပ်တာကို pipelining လုပ်တယ်လို့ခေါ်ပါတယ်။ pipelining လုပ်ခြင်းဖြင့် network load နဲ့ page loading time ကိုလျှော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ server အားလုံးတော့ support မလုပ်နိုင်ပါဘူး။

network.http.proxy.pipelining တန်ဖိုးကို true ပြောင်းပေးပါ။ အကယ်၍ ကိုယ့်ဆီမှာ proxy server ရှိမယ်ဆိုရင်တော့ ဒီတန်ဖိုးကိုပြောင်းပေးခြင်းဖြင့် pipelining လုပ်နိုင်ပါတယ်။

network.http.pipelining.maxrequests သူကတော့ pipelining လုပ်တဲ့ အရေအတွက်ကိုကန့်သတ်ပေးတာဖြစ်ပါတယ်။ တန်ဖိုးကိုတော့ 8 ပြောင်းပေးပါ။ default က 4 ဖြစ်ပါတယ်။

network.prefetch-next တန်ဖိုးကို false ပြောင်းပေးပါ။ default က true ဖြစ်ပါတယ်။ ကျွန်တော်တို့ webpage တစ်ခုကိုခေါ်ကြည့်ပြီးရင် ခေါ်ပြီးသား [visit] ဆိုတာကို ပြနေပါလိမ့်မယ်။ အဲဒီလိုပြနေတာကတော့ browser က ခေါ်ပြီးသား page တွေကို download ဆွဲထားလို့ဖြစ်ပါတယ်။ အဲဒီတော့ အပေါ်ကတန်ဖိုးကို true ကနေ false ပြောင်းလိုက်ရင် download မဆွဲတော့ဘူးပေါ့။ ပိုမြန်လာမှာပါ။

ဒါကတော့ Configurations အပိုင်းပါ။ ကိုယ့်ဖာသာပေါင်းထည့်ရမှာပေါ့။
အရင်ဆုံးနေရာလွတ်မှာ right click နှိပ်ပါ။ ပြီးရင် new>boolean ကိုရွေးပြီးတန်ဖိုးကို true ပြောင်းပေးပါ။
သူကတော့ firefox ကို minimized လုပ်ထားတဲ့အချိန်မှာ firefox နဲ့ပတ်သက်တဲ့ data တွေကို windows memory ကနေခဏဖယ်ထုတ်ပေးထားပါလိမ့်မယ်။

ဒုတိယအနေနဲ့ right click>new>integer ကိုရွေးပြီး တန်ဖိုးကို 100 ပြောင်းပေးပါ။ default ကတော့ 250 ဖြစ်ပါတယ်။ webpage တစ်ခုကိုခေါ်တဲ့အချိန်မှာစောင့်ရတဲ့ အချိန် ဖြစ်ပါတယ်။ သူ့ကိုတော့ milliseconds နဲ့တိုင်းပါတယ်။

အထက်ပါအကြောင်းအရာအားလုံးကိုပြင်ပြီးရင်တော့ သင့်ရဲ့ firefox browser speed က အရင်ကထက်မြန်ဆန်လာပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment