Thursday, April 25, 2013

Syskey Password ပြုလုပ်နည်း


ဒီပို့စ်လေးကတော့ Syskey Password ပြုလုပ်နည်းလေးကို မသိသေးသူများရှိမယ်ထင် လို့ ပြုလုပ်ပုံကို အဆင့်ဆင့် ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်။ Syskey Password ကို ဘယ်နေရာမှာ အသုံးပြုမလဲ၊ ဘယ်နေရာမှာ အသုံးဝင်မလဲ လို့မေးစရာရှိနိုင်တဲ့အတွက် အသုံးပြုတဲ့နေရာ အသုံးဝင်တဲ့နေရာကို Password မလုပ်ခင် အရင်ရှင်းပြပါမယ်။

(၁) သင့်ရဲ့ကွန်ပျူတာ Logon Passwordမတောင်းခင် Syskey Password အရင်တောင်း
     ပါမယ်။
(၂) Logon Password ကတော့ Software နဲ့ပဲဖြစ်ဖြစ်၊ တခြားနည်းလမ်းနဲ့ပဲဖြစ်ဖြစ်
     အလွယ်တကူ ဖျက်ပစ်နိုင်ပေမဲ့ Syskey Password ကိုတော့ ဖျက်ပစ်လို့မရပါဘူး။
(၃) Syskey Password ဖန်တီးထားတဲ့အတွက် သင့်ရဲ့ စက်ကိုပိုမိုလုံခြုံမှုရှိစေပါမယ်။

သင့်ရဲ့ စက်ကို လုံခြုံမှုအပြည့်အ၀ပေးနိုင်တဲ့ Syskey Password ဖန်တီးပုံလေးကို ဆက်ပြီးတော့ ပြောပြပါမယ်။

အရင်ဦးဆုံး Run box ကိုခေါ်လိုက်ပါ။Run boxထဲမှာ Syskey လို့ရိုက်ပြီး Enter နှိပ်လိုက်ပါ။ 



ဒါဆိုရင်တော့ Securiting the Windows Account Database ဆိုတဲ့ box တစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီမှာ
Update ကိုနှိပ်လိုက်ပါ။ 




Startup Key box ပေါ်လာပါလိမ့်မယ်။



Password Startup ကိုရွေးပြီး Password နှင့် confirm နေရာမှာ သင်ပြုလုပ်ချင်တဲ့ Password ကို ထည့်ပါ။ပြီးရင် ok နှိပ်လိုက်ပါ။ 



Ok နှိပ်ပြီးသွားရင် သင့်ရဲ့ပြုလုပ်မှုအောင်မြင်ကြောင်း ပြောတဲ့ success box တစ်ခုပြပါလိမ့်မယ်။ Ok ကိုသာနှိပ်လိုက်ပါ။




ပြီးသွားရင်တော့ သင့်ရဲ့စက်ကို Restart ချလိုက်ပါ။စက်ပြန်တက်လာရင်တော့ logon password မတောင်းခင် Syskey password လာတောင်းနေတာကိုတွေ့ရပါလိမ့်မယ်။ မင်းပြုလုပ်ခဲ့သော password ကိုရိုက်ထည့်လိုက်ပါ။ပြီးရင် Ok နှိပ်ပါ။




ဒါကတော့ logon Password တောင်းခြင်းပါ။Syskey password ပြီးမှ  logon password တောင်းတာကို တွေ့ရပါလိမ့်မယ်။သင့်ရဲ့ logon password ကိုရိုက်ပြီး စက်အတွင်း သို့ ၀င်နိုင်ပါပြီ။







No comments:

Post a Comment