Sunday, June 23, 2013

CCNA Internetwork Part-4

ဒီတစ်ခါတော့ networking နဲ့ပတ်သက်လာပြီဆိုရင်မသိလို့မဖြစ်တဲ့ OSI Model
အကြောင်းကိုရှင်းပြချင်ပါတယ်။ OSI ရဲ့ အရှည်ကတော့ Open System
Interconnection ဖြစ်ပြီး ၁၉၈၄ ခုနှစ်မှာ international organizations for
standardrization (ISO) ဆိုတဲ့အဖွဲ့အစည်းကနေပြီးတော့ မတူညီတဲ့ vendor တွေ
ကနေပြီးထုတ်လုပ်လိုက်တဲ့အမျိုးမျိုးသော product တွေကို တစ်ခုနဲ့တစ်ခု အချင်းချင်း
network ချိတ်ဆက်လို့ရအောင် standard တစ်ခုသတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။

OSI Model ကိုအကုန်နီးပါးနားလည်ဖို့ဆိုတာအချိန်အကြာကြီးပေးရမှာဖြစ်ပြီး၊
အတွေ့အကြုံနဲ့လည်းဆိုင်ပါသေးတယ်။ ကျွန်တော်တို့တောင် အခုချိန်အထိ
OSI အကြောင်းကိုလေ့လာလို့မကုန်နိုင်သေးပါဘူး။ဒီတော့ ဒီနေရာမှာကျွန်တော်က
OSI model အကြောင်းကိုအသေးစိတ်မပြောတော့ဘဲနဲ့ CCNA exam ဖြေဖို့ လို
အပ်တဲ့အချက်တွေလောက်ပဲပြောပြသွားပါမယ်။ OSI မှာ seven (ခုနှစ်) layer ရှိ
ပါတယ်။ တစ်ချို့ကတော့ အဲဒီ 7 layer ကိုအလွတ်ရအောင်ကျက်ကြပါတယ်။
International မှာတော့သူ့ကို All People Seem To Need Data Processing ဆိုပြီး

အလွတ်မှတ်ခိုင်းကျပါတယ်။ အလွတ်မကျက်ချင်ဘူးဆိုရင်လည်း အမြဲတမ်းလေ့လာနေရင်
အလွတ်ရသွားပါလိမ့်မယ်။ ကဲ...အောက်မှာကြည့်ကြည့်လိုက်ပါအုံး။

                                                     OSI Seven Layer
အပေါ်ဆုံးမှာရှိနေကြတဲ့ Application, Presentation နဲ့ Session layer သုံးခုကိုတော့
upper layer လို့ခေါ်ပြီး အဲဒီ layer သုံးခုကိုတော့ Software ပိုင်းနဲ့ပတ်သက်ပြီး အသုံးချ
ကြပါတယ်။ Transport layer ကတော့ network packets တွေကို တစ်နေရာကနေ၊ တစ်
နေရာကိုပေးပို့၊ လက်ခံတဲ့နေရာမှာ ဖြန့်ဝေပေးခြင်း(delivery) နဲ့ လမ်းကြောင်းညွှန်ပေးခြင်း
(routing) တို့ကိုအဓိကလုပ်ဆောင်ပေးပါတယ်။  Data Link Layer ကတော့ software နဲ့
hardware တွေအတွက်ဖြစ်ပြီး၊ Physical layer ကတော့ hardware တွေအတွက်ပဲဖြစ်ပါတယ်။
ဒီအတိုင်းကြီးပဲပြောနေရင် မျက်စိထဲမြင်မှာမဟုတ်ဘူးဗျ။ ဒီတော့ အပေါ်ကပုံလေးနဲ့ ရှင်းသွား
အောင်ပြောပြပါမယ်။ ပုံအရ ကွန်ပျူတာ A ကနေ ကွန်ပျူတာ B ကို data ပို့မယ်ဆိုပါတော့..

  1. ပထမအနေနဲ့ APPLICATION, PRESENTATION နဲ့ SESSION Layer တွေက host A ရဲ့user ရိုက်ထည့်လိုက်တဲ့ Input တွေကိုယူပြီး Data အဖြစ်ပြောင်းပေးလိုက်ပါတယ်။
  2. ပြီးရင် TRANSPORT Layer က အပေါ် layers တွေကနေရလာတဲ့ Data တွေကို Segments Header တပ်ပြီးတော့ Segments တွေအဖြစ်ပြောင်းလိုက်ပါတယ်။
  3. ထပ်ပြီးတော့ NETWORK Layer ကလည်း သူ့ဆီကို TRANSPORT Layer ကနေရောက်လာတဲ့ Segments အစိတ်အပိုင်းတွေကို Network Header ထည့်ပြီး Packets တွေအဖြစ်ထပ်ပြောင်းလိုက်ပြန်ပါတယ်။
  4. တဖန် DATA LINK Layer ကလည်း ရလာတဲ့ packets တွေကို Frame Header ထည့်လိုက်ပြီးတော့ data link frames တွေအဖြစ်ပြောင်းလိုက်ပါတယ်။ အဆင့်ဆင့်ပြောင်းနေတာနော်။ စာမေးပွဲဖြေမယ့်သူတွေအနေနဲ့ဒီကြောင်းအရာတွေကို သိနေရပါမယ်။
  5. ပြီးရင် Data Link layer ရဲ့ Sub-Layer တစ်ခုဖြစ်တဲ့ MAC Sublayer က သူ့ရဲ့ Main Layerဖြစ်တဲ့Data Link layer ကပြောင်းလိုက်တဲ့ frames တွေကို အောက်ဆုံးမှာရှိတဲ့ PHYSICALLayer ကသယ်နိုင်တဲ့ bits (1,0) တွေအဖြစ်ပြောင်းပေးလိုက်ပါတယ်။ ပြီးမှ PHYSICALLayer က network medium ဖြစ်တဲ့ wire ကြိုးကနေပြီးတော့ host B ကိုပေးပို့လိုက်ပါတယ်။

အခုပြောခဲ့တဲ့အချက် ငါးချက်က OSI Data Encapsulation process ဖြစ်ပါတယ်။ ဒီဆိုရင်
Deencapsulation ဆိုတာက အခုပြောတဲ့ငါးချက်နဲ့ ပြောင်းပြန်ပြန်ပြီးအလုပ်လုပ်တယ်ဆိုတာကို
သိထားရပါမယ်။

ကဲ...အခု OSI model ရဲ့ Layer တစ်ခုချင်းစီကို ပြောပြပါမယ်။

APPLICATION
Application layer ကတော့ user's တွေအသုံးပြုနေတဲ့ applications တွေကိုထောက်
ပံ့ပေးတဲ့ layerဖြစ်ပါတယ်။ ဒါကြောင့်သူ့ကို user နဲ့အနီးဆုံး layer လို့တောင်ခေါ်လို့ရ
ပါတယ်။ ဥပမာ.... Web Browser တွေ၊ Email Software တွေနဲ့ Windows Explorer
တို့လိုဟာမျိုးတွေပဲဖြစ်ပါတယ်။ ဒီ layer မှာပါဝင်တဲ့ protocols တွေကတော့ Telnet, http,
ftp, tftp, smtp, ntp, snmp, dns...တို့ပါပါတယ်။

PRESENTATION
Presentation layer ကတော့ particular format တွေကို application layer ဆီကိုတင်
ပြပါတယ်။ ပြီးတော့ encryption, compression နဲ့ အခြာ coding ပိုင်းဆိုင်ရာ function
တွေကိုလည်းလုပ်ဆောင်ပါသေးတယ်။ ဒီ layer မှာတော့ multimedia extension တွေဖြစ်တဲ့
GIF, TIFF, JPEG, MPEG, MIME နဲ့ ASCII code တွေလည်းပါဝင်ပါသေးတယ်။

SESSION
Session layer က network နှစ်ခု (Source and Destination) ရဲ့ applications တွေကြားမှာ
connections တွေကို တည်ဆောက်ခြင်း(establishes), ထိန်းသိမ်းခြင်း(maintains) နဲ့ ပိုင်း
ဖြတ်ပေးခြင်း(teminates) တွေကိုပြုလုပ်ပေးပါတယ်။ နောက်ပြီးတော့သူက network node
နှစ်ခုကြားမှာ dialogue control လည်းလုပ်ပေးပါသေးတယ်။ Dialogue control ဆိုတာက
တော့ ဘယ်အချိန်မှာပို့မယ် (when send) နဲ့ ဘယ်လောက်ကြာမယ် (how long) ဆိုတာ
တွေပဲဖြစ်ပါတယ်။ ပြီးတော့ APPLICATION, PRESENTATION နဲ့ SESSION Layer တွေရဲ့
Error တွေကိုလည်း reporting လုပ်ပေးပါတယ်။ ဒီ layer မှာ operate လုပ်တဲ့ protocols
တွေကတော့ RPC, SQL နဲ့ NETBIOS တို့ပဲဖြစ်ပါတယ်။ မှတ်ထားလိုက်ပါအုံး။

TRANSPORT
ဒီ Layer ကတော့ရှေ့မှာကျွန်တော်ပြောခဲ့တဲ့အတိုင်း upper layer တွေကနေရလာတဲ့ Data
တွေကို Segments တွေအဖြစ်ပြောင်းလိုက်ပါတယ်။ Transport layer က end-to-end
connectivity ကိုထောက်ပံ့ပေးပါတယ်။  နောက်ပြီး error checking နဲ့ flow control ကို
လည်းထောက်ပံ့ပေးပါသေးတယ်။ ဒီ layer မှာသုံးတဲ့ protocol တွေကတော့ TCP, UDP,
NETBEUI နဲ့ SPX တို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ CCNA ဖြေမဲ့ network သမားတွေအနေနဲ့
TCP နဲ့ UDP port numbers တွေကိုသိထားဖို့လိုပါတယ်။ အဲဒီ port numbers တွေကို
WIKIPEDIA မှာရှာပြီးလေ့လာလို့ရပါတယ်။ ထပ်မှတ်ရမှာက TCP က connection-
oriented ဖြစ်ပြီး၊ UDP ကတော့ connection-less ဖြစ်ပါတယ်။

  • Connection-Oriented ဆိုတာကတော့ Data တစ်ခုကို network ပေါ်ကနေမပို့ခင်မှာvirtual link connection တစ်ခုကိုတည်ဆောက်လိုက်ပါတယ်။ သူက network ပေါ်ကနေdata ပိုပြီးပြီဆိုရင် destination ကို data ရောက်ပြီဆိုတာနဲ့ ပေးပို့လိုက်တဲ့သူ (sender)ဆီသို့ acknowledgements ပြန်ပို့ပြီး အသိပေးလိုက်ပါတယ်။
  • Connection-Less ကတော့ Oriented နဲ့ပြောင်းပြန်ပါ။ သူက Data မပို့ခင်မှာ virtuallink connection ကိုမတည်ဆောက်ပါဘူး။ အဲဒီတော့ လက်ခံတဲ့သူ(receiver) ဆီရောက်သွားရင်တောင် ack မပြန်တဲ့အတွက်ရောက်လားမရောက်လားမသိရပါဘူး။

NETWORK
Network Layer ကတော့ transport layer ကနေရလာတဲ့ segments တွေကို packets
တွေအဖြစ်ပြောင်းပေးလိုက်ပြီးတော့ လမ်းကြောင်းတွေတည်ဆောက်ပေးခြင်း (routing),
အတိုဆုံးနဲ့အကောင်းဆုံးလမ်းကြောင်းကို ရွေးချယ်ပေးခြင်း (path-selection) နဲ့ packets
တွေကို အမျိုးမျိုးသော network တွေဆီကို ဖြန့်ဝေပေးပါတယ်။ နောက်ပြီးတော့ network
layer မှာ logical address တွေဖြစ်တဲ့ IP, IPX, Apple Talk, ICMP, RIP, OSPF, BGP,
IGRP, EIGRP, NLSP, ARP, RARP နဲ့ X.25 ဆိုတဲ့ protocol တွေအလုပ်လုပ်ပါတယ်။
Logical address တွေကို layer 3 address တွေလို့လဲခေါ်ကြပါသေးတယ်။ Layer 3
network layer devices တွေကတော့ Routers နဲ့ layer 3 Switches တွေပဲဖြစ်ပါတယ်။

DATA LINK
Data link Layer ကတော့ network layer ဆီသို့ transparent network services
တွေကိုထောက်ပံ့ပေးပါတယ်။ အဲဒီအတွက် network layer က physical network
topology ကိုထည့်ပြီးစဉ်းစားစရာမလိုတော့ပါဘူး။ ပြောချင်တာက physical networking
media ကိုထောက်ပံ့ပေးတယ်လိုပြောတာပါ။ နောက်ပြီး errors checking ကိုလည်း လုပ်
ဆောင်ပေးပါသေးတယ်။ layer 2 ဖြစ်တဲ့ data link layer ရဲ့ devices တွေကတော့
Switches, bridges, WAPs နဲ့ NICs တို့ပဲဖြစ်ပါတယ်။

IEEE 802 Data Link Sub Layers
ဒီနေရာမှာ Data link layer ကို IEEE ကနေပြီးတော့ 802 standards အရ နှစ်မျိုးထပ်ခွဲလိုက်
ပါတယ်။ အဲဒါတွေကတော့ LLC sublayer နဲ့ MAC sublayer တို့ပဲဖြစ်ပါတယ်။

LLC Sub Layer
LLC ဆိုတာကတော့ logical link control ဖြစ်ပြီး data link layer ရဲ့ upper layer ဖြစ်ပါတယ်။
LLC က Source Service Access Points (SSPAs) နဲ့ Destination Service Access Points
(DSAPs) ကိုသုံးပြီးတော့ သူ့အောက်မှာရှိနေတဲ့ lower layer တွေကို network layer နဲ့ ချိတ်
ဆက်နိုင်အောင်ကူညီပေးပါတယ်။ နောက်ပြီး LLC Sub Layer က frames, sequencing နဲ့
acknowledgements တွေကိုလည်းတာဝန်ယူဆောင်ရွက်ရပါသေးတယ်။ LLC Sub Layer ကို
IEEE Standard 802.2 လို့သတ်မှတ်ထားပါတယ်။

MAC Sub Layer
Media Access Control Layer ကတော့ physical address  တွေကို အဓိကတာဝန်ယူရတာဖြစ်ပြီး
physical network media ဖြစ်တဲ့ NICs (network interface card) နဲ့ချိတ်ဆက်အလုပ်လုပ်စေ
ပါတယ်။ သူက frames တွေကို bits (1,0) တွေအဖြစ်ပြောင်းပြီး physical layer ရဲ့ Medium ဖြစ်တဲ့ wire ဒါမှမဟုတ် wireless ပေါ်ကိုတင်ပေးလိုက်တာဖြစ်ပါတယ်။ နောက်တစ်ခုက ဒီ layer မှာ
CCNA WAN ခန်းမှာသင်ရမဲ့ Frame Relay လည်းအလုပ်လုပ်ပါတယ်။

PHYSICAL
Physical layer ကတော့ သူ့ရဲ့နာမည်အတိုင်းပဲတကယ့်ရုပ်ပိုင်းဆိုရာထိတွေ့ကိုင်တွယ်လို့ရတဲ့
link တွေကို activating, deactivating နဲ့ maintaining တွေလုပ်ပါတယ်။ ဒီ layer မှာတော့
လျှပ်စစ်ပိုင်းဆိုင်ရာတွေ (electronic)၊ Wire Voltage levels တွေ၊ Data transmission rates
တွေနဲ့ Distances တွေကို သတ်မှတ်ပေးပါတယ်။ Layer 1 Devices တွေကတော့ HUBs/
Concentrators, repeaters, NICs, LAN interface နဲ့ WAN interface တွေဖြစ်ပါတယ်။

အားလုံးပြီးသွားတဲ့နောက်မှတော့ နောက်တစ်ခုမှတ်စရာရှိပါသေးတယ်။ အဲဒါကတော့ TCP/IP
DoD model ပဲဖြစ်ပါတယ်။ နောက် model တစ်ခုပေါ့။ စိတ်မပျက်သွားနဲ့အုံးနော်။ နောက်မှာ
Cisco three layer model ကျန်သေးတယ်။ :P

TCP/IP stack vs. the DoD Model
DoD ဆိုတာ Department of Defense ဖြစ်ပြီး OSI 7-Layer နဲ့ ပုံစံတူပါတယ်။ DoD model
ရဲ့ layer တစ်ခုချင်းစီက OSI model ရဲ့ layer ၁ ခု ဒါမှမဟုတ် ၁ခုထက်ပိုတဲ့ model တွေနဲ့
အလုပ်လုပ်တဲ့ functions တွေက ထပ်တူကျနေတာကိုတွေ့ရပါလိမ့်မယ်။ ကဲ..အောက်မှာကြည့်
လိုက်ပါအုံး။

                                        TCP/IP DoD Model Vs OSI Model

CCNA Exam အတွက်တော့ DoD model ကိုအသေးစိတ်မသိလည်းရပါတယ်။ ဒါပေမဲ့ OSI Model
နဲ့ DoD Model ရဲ့ ဆက်စပ်မှုတွေကိုသိထားတယ်ဆိုရင်တော့ လွယ်လွယ်ကူကူနဲ့ devices တွေ
protocol တွေကိုအလွယ်တကူခွဲခြားနိုင်ပါလိမ့်မယ်။ ကဲ...part 4 တော့ပြီးသွားပြန်ပါပြီ။ စာရေးဖို့
အချိန်ကို မနည်းပေးထားရတာပါ။ နောက်လည်းအားတာနဲ့ အချိန်လုပြီးရေးသွားပါမယ်။ ကျေးဇူးတင်ပါတယ်ဗျာ။

No comments:

Post a Comment