Sunday, September 15, 2013

Ubuntu OS 13.04 version တွင် Java Script Installation ပြုလုပ်နည်း

ဒီပို့စ်လေးကတော့ Ubuntu OS တွေမှာ Java Script Install ပြုလုပ်နည်းလေးပါ။
Ubuntu os 13.04 version မှာ ပြုလုပ်နည်းလေးပါ။

အရင်ဆုံး Java ကို အင်တာနက်မှ ဒေါင်းလော့လုပ်ရပါမယ်။ ပြီးရင်တော့ Desktop
ပေါ်မှာပဲတင်လိုက်ပါမယ်။ Java ကိုတော့ www.java.com  မှာဝင်ရောက်ပြီး ဒေါင်း
လော့လုပ်ယူနိုင်ပါတယ်။

ပြီးရင်တော့ installation လုပ်ငန်းစပါမယ်။ အရင်ဆုံး Terminal ကိုဖွင့်ရပါမယ်။
ပြီးရင်တော့ သင်ရောက်ရှိနေ တဲ့ နေရာက normal user (or) super user(root)
လားဆိုတာကို သေချာအောင်ကြည့်ပါ။ ဘယ်နေရာမှာပဲ ဖြစ်နေနေ super user(root)
နေရာကို ရောက်နေရပါမယ်။


Super user (root) နေရာကိုသွားဖို့ su root လို့ရိုက်ပြီး Enter နှိပ်လိုက်ရင်တော့
superuser လို့ခေါ်တဲ့ root ထဲကိုရောက်သွားပါမယ်။ ဒါဆိုရင်တော့ သင် install
လုပ်ချင်တဲ့ java script ကို လုပ်လို့ရပါတော့မယ်။ ပြီးရင် ဒေါင်းလော့လုပ်ပြီးထားခဲ့တဲ့
Desktop က java script နေရာကိုထပ်သွားပါမယ်။

cd /home/mitg/Desktop/  ထပ်နှိပ်ပါ။ ပြီးရင်တော့ install လုပ်မယ့် command
ထပ်ရိုက်ပါမယ်။ 

tar zxvf jre-7u25-linux-i586.tar.gz လို့ရိုက်ပြီး enter သာနှိပ်လိုက်ပါ။
ဒါဆိုရင်တော့ သင်ဟာ java script ကို install လုပ်လို့ပြီးပါပြီ။


Java script install ပြုလုပ်လို့ပြီးသွားရင်တော့ သင် firefox ရဲ့ Add-ons မှာ
java script ကို enable လုပ်ပေးရပါအုံးမယ်။ ဒါမှသာ java language နဲ့ရေး
သားထားတဲ့ websites တွေဖွင့်ရင် သင့်ကို java required ဆိုပြီး လာမတောင်း
တော့မှာပါ။

Terminal ထဲကပဲ enable လုပ်ပေးရမှာပါ။

cd /usr/lib/firefox-addons/plugins/  လို့ရိုက်ထည့်ပြီး enter နှိပ်လိုက်ပါ။


ln –s /home/mitg/Desktop/jre1.7.0_25/lib/i386/libnpjp2.so လို့ရိုက်ပြီး
enter နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ permission denied ဆိုတဲ့ error တက်လာပါမယ်။
ဘာကြောင့်လဲဆိုတော့ သင်ရောက်နေတဲ့နေရာက normal user mode ဖြစ်နေလို့ပါ။
superuser (root) နေရာမှာဆိုရင်တော့ error မတက်ပါဘူး။ root ကိုပြောင်းဖို့အတွက်
su root လို့ရိုက်ပြီး enter သာနှိပ်လိုက်ပါ။ root နေရာကိုပြောင်းသွားပါမယ်။ root
ထဲရောက်သွားပြီးဆိုရင်တော့ အောက်က command ကိုရိုက်ရပါမယ်။


ln-s /home/mitg/Desktop/jre1.7.0_25/lib/i386/libnpjp2.so လို့ရိုက်ပြီး enter
သာနှိပ်လိုက်ပါ။ အောက်ကပုံမှာ error တက်တဲ့အဆင့်ကိုပါ ထည့်ပြီးပြပေးထားပါတယ်။








ဒါဆိုရင်တော့ သင့်ရဲ့ Ubuntu os 13.04 version မှာ java script install ပြုလုပ်ခြင်းပြီးပါပြီ။

No comments:

Post a Comment