ဒါကတော့ myanmarwebdesigner.com ကနေ share ထားတာလေးပါ။ blog တစ်ခုကိုဘယ်လိုဖန်တီးမလဲဆိုတာပါ။ စိတ်ဝင်စားတဲ့သူများလည်းလေ့လာကြည့်ကြပါအုံး။
ကြိုက်တယ်ဆိုရင်တော့ https://www.facebook.com/myanmarwebdesigner မှာ Like လေးလုပ်ပေး
လိုက်ပါအုံး။ ကျေးဇူးတင်ပါတယ်။
How to make a blogger website
မင်္ဂလာပါ..
ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ကိုယ်ပိုင် blogger website ပြုလုပ်ပုံကို
သင်ပေးမှာ ဖြစ်ပါတယ်။ သင်ခန်းစာ မစခင် ကျွန်တော်တို့ blogger ကို ဘာလို့
ရွေးရသလဲ၊ ခင်ဗျားတို့ကော website ပြုလုပ်တဲ့ အခါမှာ blogger ကို ဘာကြောင့်
ရွေးသင့်လဲ ဆိုတာကို မိတ်ဆက်အနေနဲ့ အနည်းငယ် ပြောပြပါမယ်။
ကျွန်တော်က blogger ကို ဘာကြောင့် ရွေးသလဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကိုက
google ကပေးတဲ့ services တွေကို ကြိုက်လို့ပါ။ Blogger ဆိုတာက google က
ပေးတဲ့ services တွေထဲက တစ်ခုဖြစ်ပါတယ်။ Blogger ကို
လူတိုင်းမသိနိုင်ပေမယ့်၊ google ကိုတော့ လူတိုင်း သိမှာပါ။
Tuesday, July 9, 2013
Sunday, June 23, 2013
CCNA Internetwork Part-4
ဒီတစ်ခါတော့ networking နဲ့ပတ်သက်လာပြီဆိုရင်မသိလို့မဖြစ်တဲ့ OSI Model
အကြောင်းကိုရှင်းပြချင်ပါတယ်။ OSI ရဲ့ အရှည်ကတော့ Open System
Interconnection ဖြစ်ပြီး ၁၉၈၄ ခုနှစ်မှာ international organizations for
standardrization (ISO) ဆိုတဲ့အဖွဲ့အစည်းကနေပြီးတော့ မတူညီတဲ့ vendor တွေ
ကနေပြီးထုတ်လုပ်လိုက်တဲ့အမျိုးမျိုးသော product တွေကို တစ်ခုနဲ့တစ်ခု အချင်းချင်း
network ချိတ်ဆက်လို့ရအောင် standard တစ်ခုသတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။
OSI Model ကိုအကုန်နီးပါးနားလည်ဖို့ဆိုတာအချိန်အကြာကြီးပေးရမှာဖြစ်ပြီး၊
အတွေ့အကြုံနဲ့လည်းဆိုင်ပါသေးတယ်။ ကျွန်တော်တို့တောင် အခုချိန်အထိ
OSI အကြောင်းကိုလေ့လာလို့မကုန်နိုင်သေးပါဘူး။ဒီတော့ ဒီနေရာမှာကျွန်တော်က
OSI model အကြောင်းကိုအသေးစိတ်မပြောတော့ဘဲနဲ့ CCNA exam ဖြေဖို့ လို
အပ်တဲ့အချက်တွေလောက်ပဲပြောပြသွားပါမယ်။ OSI မှာ seven (ခုနှစ်) layer ရှိ
ပါတယ်။ တစ်ချို့ကတော့ အဲဒီ 7 layer ကိုအလွတ်ရအောင်ကျက်ကြပါတယ်။
International မှာတော့သူ့ကို All People Seem To Need Data Processing ဆိုပြီး

Computer Time မှ AM & PM စာလုံးကို တခြားနှစ်သက်ရာစာလုံးများပြောင်းလဲနည်း
Myanmar Online Learning member တွေအတွက် ကျွန်တော်ပို့စ်အသစ်လေး
တင်ပေးလိုက်ပါတယ်။ ဒီပို့စ်လေး မှာ ကျွန်တော် ပြုလုပ်ပုံပြုလုပ်နည်းတွေကို ပုံနဲ့
တကွတွဲပြီး အဆင့်ဆင့် ရှင်းပြပေးထားတဲ့ အတွက် member တွေ ကိုယ်တိုင်
စမ်းမယ်ဆိုရင်လည်း လွယ်ကူမယ်လို့မျှော်လင့်ပါတယ်။ ပထမဦးဆုံးလုပ်ရမှာက

တော့ Run box လေးကိုဖွင့်ရပါမယ်။
Window Key + R ကိုနှိပ်လိုက်ရင် Run box
လေးပွင့်လာပါလိမ့်မယ်။ ဒါဆို Run box ထဲမှာဘာရိုက်ထည့်ရမလဲဆိုရင် regedit
လေးကိုရိုက်ပီး Enter နှိပ်လိုက် ပါ။ ပုံလေးနဲ့တွဲပြီးပြပေးလိုက်ပါတယ်။

Subscribe to:
Posts (Atom)