Sunday, May 12, 2013

CCNA Internetworking Part-2

Router
Router ဆိုတာကတော့ မတူညီတဲ့ network တွေကိုချိတ်ဆက်တော့မယ်ဆိုရင်သုံးရတာဖြစ်ပါတယ်။ router က collision ကို break-up လုပ်ရုံသာမက၊ broadcast ကိုပါ break-up လုပ်ပေးပါတယ်။ အောက်မှာ router ရဲ့ function တွေကိုဖေါ်ပြပေးထားပါတယ်။
Path selection
Packet forwarding
packet switching
internetwork communicating
break-up collision and broadcast domain
include routng table
include MAC table
include arp table

path selection
path selection ဆိုတာကတော့ destion network တစ်ခုကိုသွားဖို့၊ ရောက်ဖို့အတွက်
အကောင်းဆုံးလမ်းကြောင်းကိုရွေးချယ်ပေးတာဖြစ်ပါတယ်။

packet forwarding
packet forwarding ဆိုတာ အပေါ်က path selection ပြီးရင် data ကိုပို့ဖို့အတွက်ဖြစ်ပါတယ်။ network မှာ data တစ်ခုပို့ပြီဆိုရင် packet ပို့တယ်လိုပြောကြပါတယ်။ ဥပမာ...... mp3 file တစ်ခုရဲ့ size က 50KB ရှိတယ်ဆိုရင် network ပေါ်ကနေပို့တဲ့အခါမှာ 10KB ဆီရှိတဲ့ packet အသေးလေးတွေကို ၅ ခါခွဲပြီးပိုလိုက်တာပါ။

packet switching
သူကလည်း packet forwarding နဲ့အတူတူပါပဲ။ layer 2 frame တွေကို forward လုပ်တာမိုလို့ packet switching လို့ခေါ်တာပါ။

internetwork communicating
အားလုံးပဲသိပြီးသားဖြစ်မှာပါ။ မတူညီတဲ့ network တွေကို အပြန်အလှန်ချိတ်ဆက်ဖို့အတွက် router ကိုသုံးရပါတယ်။ internet သုံးမယ်ဆိုရင် router ရှိမှရတာလေ။ အဲ....3Mbps ရှိတဲ့ internet လိုင်းကိုပြောတာနော်။ ဖုန်းနဲ့ internet သုံးတာကိုပြောတာမဟုတ်ဘူး။:D

break-up collision and broadcast domain
router devices တွေက collision ဆိုတဲ့တိုက်မိနိုင်ခြေတွေနဲ့ broadcast ဆိုတဲ့ query packets တွေကို break-up လုပ်ပါတယ်။ ဒီတော့ မှတ်ထားရမှာက router ကိုလာချိတ်မဲ့ network အားလုံးဟာ collision domain နဲ့ broadcast domain သီးခြားဆီရှိနေပါလိမ့်မယ်။

Include routing table
မှန်ပါတယ်။ internetwork communicating မှာတုံးကပြောခဲသလိုပဲ network တစ်ခုနဲ့တစ်ခုကို လမ်းကြောင်းတွေရှာပေးခြင်း (path-selection)၊ ချိတ်ဆက်ပေးခြင်း (routing) လုပ်ပေးတဲ့ပစ္စည်းကို router လို့ခေါ်တာပါ။ ဒီတော့ သူ့မှာ အဲဒီလမ်းကြောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို မှတ်ထားပေးမဲ့ routing table ပါကိုပါရပါလိမ့်မယ်။

Include MAC table
MAC ဆိုတာကို part-1 မှာတုန်းကကျွန်တော်ပြောခဲ့ပါတယ်။ physical address တွေလေဗျာ။ အဲဒီ physical address (MAC) တွေကို ဘယ်ကလာပြီး၊ ဘယ်ကိုသွားမယ်၊ (Source MAC, Destination MAC)အစရှိသဖြင့် မှတ်ပေးထားတဲ့ table ကို MAC table လို့ခေါ်တာဖြစ်ပတယ်။
MAC table က switch မှာလည်းပါပါတယ်။ ဒါကြောင့်လည်း switch က hub ထက်စာရင် ပိုမြန်တာလေ။ source နဲ့ destination address တွေကိုမှတ်ထားတော့ data ပို့တဲ့အခါမှာပိုမြန်တာပေါ့။

Include ARP table
ARP ရဲ့ အရှည်က address resolution protocol ပါ။ ကျွန်တော်တို့ network ချိတ်ပြီဆိုရင် network မိ၊ မမိကို ping ဆိုတဲ့ command ကိုသုံးပြီးစမ်းသပ်ကြပါတယ်။ မိတယ်ဆိုရင် သက်ဆိုင်တဲ့ (ကိုယ် ping ) လိုက်တဲ့ IP (internet protocol) address ကနေ reply ပြန်လာပါတယ်။



ipက reply ပြန်လာတာဆိုတော့ ip ကအရင်အလုပ်လုပ်တယ်လို့ထင်တတ်ကြပါတယ်။ တကယ်တမ်းကတော့ IP မဟုတ်ပါဘူး။ Physical address လို့ခေါ်တဲ့ MAC address ပါ။ ဟုတ်တယ်လေဗျာ.....ip ဆိုတာက logical ကြီးပဲလေ..physical အနေနဲ့က NIC နဲ့ချိတ်ထားတာ. ဒီတော့ physical address ကအရင်အလုပ်လုပ်တာပေါ့။ အဲဒီတော့..physical address ကနေ logical address ကိုပြောင်းပေးမဲ့နည်းလမ်းရှိရတော့မယ်ဗျ။ အဲဒါကတော့ ARP(address resolution protocol) ပါ။ သူက IP-to-MAC, MAC-to-IP အပြန်အလှန်ပြောင်းပေးပါတယ်။

No comments:

Post a Comment