Tuesday, May 14, 2013

Microsoft Backup အမျိုးအစားများ

Microsoft windows backup အမျိုးအစားတွေကိုငါးမျိုးခွဲခြားထားပါတယ်။ အဲဒါတွေကတော့...

  • Copy Backup
  • Daily Backup
  • Differential Backup
  • Incremental Backup
  • Normal Backup တို့ပဲဖြစ်ပါတယ်။

Backup အမျိုးအစားတွေကိုမရှင်းပြခင်မှာ အရင်ဆုံး archive ဆိုတဲ့ attributes အကြောင်းကိုရှင်းပြချင်ပါတယ်။ windows မှာ file attributes လေးမျိုးရှိပါတယ်။ Read only, hidden, system နဲ့ archive တို့ဖြစ်ပါတယ်။ read only ဆိုတဲ့ check mark ကိုပေးထားရင် အဲဒီ file ကိုဖတ်လို့ပဲရပါလိမ့်မယ်။ hidden ပေးထားရင်တော့ အဲဒီ file ကပျောက်နေပါလိမ့်မယ်။ system ကတော့ windows ရဲ့ အရေးကြီးတဲ့ files အများစု မှာပါဝင်တာဖြစ်ပြီးသူတို့ကိုဖျက်လို့မရပါဘူး။ virus အများစုဟာ အခုပြောခဲ့တဲ့ read only, hidden, system ဆိုတဲ့ attributes တွေပါဝင်တာများပါတယ်။ ဒါကြောင့် သူတို့ကိုအလွယ်တကူဖျက်လို့မရတာပါ။ နောက်ဆုံးတစ်ခုကတော့ archive ပါ။ သူ့ကို backup လုပ်တဲ့နေရာမှာသုံးပါတယ်။ အဓိပါယ် ကတော့ file တစ်ခုကို changes ဒါမှမဟုတ် modify လုပ်လိုက်ပြီဆိုရင် arichive ဆိုတဲ့ check mark ကို သူ့အလိုလိုထည့်လိုက်ပါတယ်။ အဲဒီတော့ backup လုပ်ရင် archive ရှိနေတဲ့ files တွေကိုပဲရွေးပြီး backup လုပ်သွားလိုက်ရုံပါပဲ။ အကုန်လုံးလုပ်တာထက်စာရင်ပိုမြန်တာပေါ့။ အောက်မှာရှိတဲ့
backup အမျိုးအစားတွေကိုလေ့လာလိုက်ရင်ပိုပြီးနားလည်လာပါလိမ့်မယ်။

Copy Backup
Copy backup ဆိုတာကတော့ files တွေအားလုံးကို backup ယူပါတယ်။ ဒါပေမဲ့ backup လုပ်ပြီးရင် archive အမှတ်အသားကိုပြန်ထည့်ထားပါတယ်။ မဖြုတ်လိုက်ပါဘူး။

Daily Backup
Daily backup ကတော့နေ့စဉ် ပြုပြင်လိုက်တဲ့, modify လုပ်လိုက်တဲ့ file တွေအားလုံးကို backup လုပ်မှာပါ။ ပြီးရင်တော့ archive check mark ကိုမဖြုတ်ပဲနဲ့ ပြန်ထည့်ပေးလိုက်ပါလိမ့်မယ်။

Differential Backup
Differential backup ကတော့ changes ဖြစ်နေတဲ့ files တွေကိုပဲရွေးပြီး ကူးသွားပါလိမ့်မယ်။ ပြီးရင် archive အမှတ်အသားကို မဖြုတ်ပဲထားခဲ့ပါလိမ့်မယ်။ သူ့ကိုတော့ Normal နဲ့ Differential backup ဆိုပြီးပေါင်းသုံးလေ့ရှိပါတယ်။

Incremental Backup
Incremental backup ကလည်း changes ဖြစ်နေတဲ့ files တွေကိုပဲရွေးကူးပြီးတော့၊ archive အမှတ်အသားကို ဖြုတ်ပစ်ပါလိမ့်မယ်။ သူ့ကိုလည်း Normal နဲ့ Incremental ဆိုပြီးပေါင်း
သုံးလေ့ရှိပါတယ်။

Normal Backup
Normal backup က ရှိသမျှ files တွေအားလုံးကို backup လုပ်မှာဖြစ်ပြီး၊ backup ပြီးပါက archive အမှတ်အသားကိုဖြုတ်ပစ်ပါတယ်။ normal backup အမျိုးအစားကိုတော့ ပထမဆုံး backup လုပ်တဲ့အချိန်မှာပဲ သုံးလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ normal backup က full backup ဖြစ်တဲ့အတွက် အချိန်အရမ်းကြာလို့ပါ။ အောက်မှာ ကျွန်တော် ဥပမာနဲ့ရှင်းပြပါမယ်။




Normal and Differential Backup


Company တစ်ခုဆိုပါတော့...အဲဒီ company က monday ကနေ sat အထိဖွင့်မယ်။ ဒီတော့ ပထမဦးဆုံး files အားလုံးကို backup ယူချင်တာဖြစ်တဲ့အတွက် Monday မှာ Normal backup အရင်စ run ပါမယ်။ files တွေအားလုံးကို backup ယူတာဖြစ်တဲ့အတွက် အရမ်းကြာပါလိမ့်မယ်။ D တော့ နောက်နေ့ Tuesday မှာ normal မ run တော့ပဲ အဂါင်္နေ့မှာ changes ဖြစ်သွားတဲ့ files တွေကိုပဲ backup ယူမှာမိုလို့ Differential backup ကို run မယ်ဗျာ။ differential က backup လုပ်ပြီးရင် archive check mark ကိုမဖြုတ်ပါဘူး။ ဒီတော့ နောက်နေ့ ဗုဒ္ဓဟူးနေ့ရောက်ရင် အင်္ဂါနေ့က 1 ဆိုတဲ့ backup ကိုပါပြန်ယူပြီး ဗုဒ္ဓဟူးနေ့အတွက် 2 ကိုပါထပ်ကူးယူထားတာပါ။ နောက်နေ့တွေမှာလည်း အရင်နေ့တွေက backup တွေကို ပြန်ပြန်ပြီးယူးသွားပါလိမ့်မယ်။ ဒါကြောင့် နောက်ဆုံးနေ့ စနေနေ့မှာ 1,2,3,4,5 ဆိုတဲ့ရှေကနေ့တွေရဲ့ backup တွေအားလုံးရှိနေတာပါ။ အဲဒီတော့ ကြောင်းအမျိုးမျိုးကြောင့် company network fail ဖြစ်သွားမယ်ဆိုရင် Monday ရဲ့ Normal နဲ့ Saturday ရဲ့ Differential ကို restore ပြန်လုပ်လိုက်ရင် နဂိုလ်အတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။

Normal and Incremental Backup


ဒီတစ်ခါတော့ Normal နဲ့ Incremental ပေါင်းပြီး backup လုပ်တာကိုပြောကြည့်ပါမယ်။ အပေါ်ကအတိုင်းပဲ Monday မှာ full backup လုပ်ပါမယ်။ Tuesday ရောက်တော့ Incremental နဲ့ကူးပါမယ်။ incremental က changes ဖြစ်တဲ့ files တွေကိုပဲ ကူးပြီး၊ ကူးပြီးရင် archive check mark ဖြုတ်ပစ်ပါတယ်။ အဲဒီတော့ ဗုဒ္ဓဟူးနေ့ရောက်ရင် အင်္ဂါနေ့ကfiles တွေကိုပြန်ကူးစရာမလိုတော့ ပါဘူး။ နောက်နေ့တွေမှာလည်း သက်ဆိုင်ရာနေ့မှာ changes ဖြစ်တဲ့ files ကိုပဲ backup ယူသွားပါလိမ့်မယ်။ ဒီတော့ network fail ဖြစ်ရင် Monday full backup နဲ့ tue, wed, thurs, friday, sat နေ့တွေရဲ့ Incremental backup တွေအားလုံးကို restore ပြန်လုပ်ဖို့လိုပါလိမ့်မယ်။

ပြန်ပြီးအနှစ်ချုပ်ရမယ်ဆိုရင်တော့... Normal backup ကတော့လုပ်ကိုလုပ်ရမှာဖြစ်ပြီး။ Differential နဲ့ပေါင်းမယ်ဆိုရင် backup လုပ်တဲ့အချိန်ကြာမှာဖြစ်ပြီး၊ restore လုပ်တဲ့အချိန်ကတော့ မြန်ပါလိမ့်မယ်။ Incremental နဲ့ လုပ်ရင် backup မြန်ပြီး၊ restore ကြာပါလိမ့်မယ်။ အားလုံးပဲကျေးဇူးတင်ပါတယ်။

No comments:

Post a Comment