Tuesday, July 30, 2013

Desktop Shortcut မှ မြှားများကို ဖြုတ်နည်း


သင်အသုံးပြုနေတဲ့ ကွန်ပျူတာရဲ့ Desktop က Shortcut တွေမှာ မြှားတွေဖြုတ်နည်းကို ပုံနဲ့တဆင့်ချင်းတွဲပြီး ပြထားတဲ့အတွက် member ၀င်တွေ ကိုယ်တိုင် စမ်းမယ်ဆိုရင် 
အဆင်ပြေမှာပါ။ Desktop Shortcut က မြှားတွေကို Shortcut သုံးခုမှာ လေးထောင့်
အနီကွက်လေးနဲ့ အောက်ကပုံမှာ ပြထားပါတယ်။


ပထမဦးဆုံးကတော့ Registry ထဲကို အရင်ဝင်ရပါမယ်။ Run box ထဲမှာ regedit လို့ရိုက်ထည့်လိုက်ပါ။ အောက်မှာပုံလေးနဲ့ပြထားပါတယ်။  



ဒါဆိုရင်တော့ Registry Editor ပွင့်လာပါမယ်။ အောက်ကပုံအတိုင်းတွေ့ရပါမယ်။


HKEY_CLASSES_ROOT လေးကို Double Click နှိပ်လိုက်ပါ။ ပြီးရင်တော့ lnkfile ကိုရှာပြီး 
Select လုပ်လိုက်ပါ။ ပုံမှာတော့ lnkfile လေးကို အနီရောင်လေးထောင့်ကွက်လေးနဲ့
ပြထားပါတယ်။ အောက်ကပုံ မှာပြထားတဲ့အတိုင်းတွေ့ရပါမယ်။


lnkfile ကို select လုပ်ပြီးရင် ညာဘက်ခြမ်းကို ကြည့်လိုက်ပါ။ IsShortcut  နာမည်နဲ့ 
String Value တခုကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် IsShortcut ဆိုတဲ့ String Value ကို 
Select လုပ်ပြီး Right Click နှိပ်ပါမယ်။ ပြီးရင်တော့ Delete ကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ 
IsShortcut ဆိုတဲ့ String Value တခုပျက်သွားပါမယ်။ အောက်ကပုံအတိုင်းတွေ့ရပါမယ်။



လုပ်ဆောင်မှုတွေပြီးသွားရင် သင့်ရဲ့စက်ကို Restart ချလိုက်ပါ။ စက်ပြန်တက်လာရင်တော့ 
သင့်ရဲ့စက်မှ Desktop Shortcut တွေကို ကြည့်လိုက်ပါ။ မြှားတွေ မရှိတော့တာကိုသင်သတိ
ထားမိပါမယ်။ ဒါဆိုရင်တော့ သင့်ရဲ့ လုပ်ဆောင်မှုအောင်မြင်သွားပါပြီ။
အောက်ကပုံအတိုင်းမြင်တွေ့ရပါမယ်။





 

No comments:

Post a Comment