Sunday, July 14, 2013

Folder, File တွေမှာ မြန်မာဖောင့်ပေါ်အောင် ပြုလုပ်နည်း


သင့်ရဲ့စက်ထဲမှာ မြန်မာဖောင့် (zawgyi font) သွင်းထားပြီး Folder, File တွေမှာ
 မြန်မာစာရိုက်ရင် မြန်မာလိုမပေါ်ပဲ လေးထောင့်အကွက်လေးတွေပဲပေါ်နေတာမျိုးကို 
ကြုံဖူးကြပါလိမ့်မယ်။ဒီပို့စ်လေးမှာတော့ မြန်မာလိုပေါ်အောင် ပြန်လည် ပြီး ပြင်တဲ့နည်းလေး
ပြောပြပေးထားပါတယ်။ကျွန်တော်ပုံတွေနဲ့တွဲပြီး ရှင်းပြပေးထားတဲ့အတွက် 
Myanmar Online Learning မှ member တွေ စမ်းမယ်ဆိုရင် လွယ်ကူမယ်လို့ ထင်ပါတယ်။ 

ကျွန်တော့်ရဲ့ စက်ထဲမှာ Folder အသစ်ဆောက်ပြီး  Folder နာမည်ကိုတော့ မြန်မာလိုရေးလိုက်
ပါတယ်။အောက်ကပုံမှာတွေ့တဲ့အတိုင်း မြန်မာလိုမပေါ်ပဲ လေးထောင့်အကွက်လေးတွေပဲပေါ်
နေပါတယ်။
 


မြန်မာလိုပေါ်အောင် ပထမဦးဆုံး လုပ်ရမယ့်အချက်ကတော့ Start Menu လေးကို ဖွင့်လိုက်ပါ။ 
Start Menu box လေးပွင့် လာပြီးဆိုရင် Search box လေးထဲမှာ “Change window colors and metrics” ဆိုပြီးရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ အောက်မှာပြထားတဲ့ပုံအတိုင်း ပြုလုပ်ရမှာပါ။


Window Color and Appearance box လေးတခုပွင့်လာပါမယ်။ ပြီးရင် အောက်ခြေနားလေးက 
Item: ဆိုတဲ့နေရာလေးမှာ Desktop ဆိုတာကိုတွေ့ရပါလိမ့်မယ်။ အောက်မှာ ပြထားတဲ့ပုံအတိုင်းပါ။




ကျွန်တော်တို့ အရင်ပြင်ရမှာကတော့ Item: ဆိုတဲ့ နေရာမှာပါ။ Desktop ကို Icon လို့ပြောင်းပေးရပါမယ်။ Item ကို Icon လို့ပြောင်းပြီးရင် Item ရဲ့အောက်က Font: 
ဆိုတာလေးပါ မှိန်နေရာမှ လင်းလာတာကို သင်သတိထားမိမှာပါ။ နောက်တခု ပြင်ရမှာ
ကတော့ Font ကိုပါ။ Zawgyi–One ဆိုတဲ့နာမည်နဲ့ဖောင့်ကို ရွေးပေးလိုက်ပါ။ ပြီးရင်တော့  
Apply – Ok နှိပ်ပေးလိုက်ရုံပါပဲ။ 




ဒါဆိုရင်တော့ Folder လေးဟာ မြန်မာလိုပေါ်သွားပါပြီ။ အောက်မှာပုံလေးနဲ့
တွဲပြီးပြထားပါတယ်။

 
 

No comments:

Post a Comment